Wednesday, October 31, 2012

အထွေထွေဗဟုသုတ


ရန်ကုန်ဘူတာကြီး
                               ရန်ကုန်ဘူတာကြီးကို ၁၉၄၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၅၄ ခု ဇွန်လ ၅ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည် ။
မင်္ဂလာဒုံလေဆိပ်
                               ၁၉၅၇ ခုနှစ် ဇန်န၀ါရီလ ၈ရက် နေ့တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ် (ပြည်တွင်းထွက်ခွာ/ဆိုက်ရောက်) ကိုဖွင့်လှစ်ခဲ့သည် ။
အင်းဝတံတား
                               စစ်ကိုင်းမြို့ အနီး ဧရာဝတီမြစ်ကူးအင်းဝတံတားကို ၁၉၂၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ပြီး ၁၉၄၂ ခုနှစ် ဧေပြီလ ၃၀ ရက်နေ့တွင် ဖျက်ဆီးခြင်းခံခဲ့ရပြီး ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည် ။ တံတားအရှည်မှာ ၃၉၄၈ ပေ (၆ဖာလုံပြည့်ရန် ၂ပေလို) ရှိသည်။ ၁၉၈၈ ခုနှစ် အထိတည်ဆောက်ပြီးသော တစ်စင်းတည်းသော မြစ်ကူးတံတားဖြစ်သည်။
မန္တလေးမြို့ရိုး
                                ခရစ်နှစ်၁၈၅၈တွင် တည်ခဲ့သောမန္တလေးမြို့ရိုးတွင် တံခါး ၁၂ခု ပြအိုးပြ သာဒ် ၄၈ခု သူရဲခို (၃၃၆၀) နှင့် နန်းမြို့ရိုးပတ်လည်မှာ ၅မိုင် နှင့် ၁ဖာလုံ သာရှိသည် ။
ဦးပိန်တံတား
                               အမရပူရမြို့ တောင်သမန်အင်းကို ဖြတ်၍ဆောက်လုပ်ထားသော ဦးပိန်တံတားမှာ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ဇရပ် ၄ ခု ရှိသည် ။ ဦးပိန်မှာ အမရပူရမြို့တည်နန်းတည် ဘိုးတော်ဘုရားလက်ထက်က မြို့ဝန်ဘိုင်ဆပ်၏စာရေးတောင်သမန် ရွာသားဖြစ်သည် ။
န၀တ်ရတ်၉သွယ်
                               ပုလဲ ၊ သန္တာ ၊ နီလာ ၊ စိန် ၊ ကြောင် ၊ ဂေါ်မုတ် ၊ ဥသာဖယား ၊ ပတ္တမြား ၊ မြ ။

ဗမာ့လွတ်လပ်ရေးကျောက်တိုင်

ရန်ကုန်မြို့ဆူးလေစေတီအနီးရှိ မဟာဗန္ဓုလပန်းခြံထဲတွင်ရှိသည် ။ အမြင့်ပေ ၁၅၀ ရှိပြီး ငါးမြှောင့်ကြယ်ပုံ ပြုလုပ်ထားသည် ။ ကြယ်အကြီး၏ ဘေးပတ်လည်တွင် ကြယ်လေး ၅လုံး ၀န်းရံထားသည် ။ ကောင်းကင်အမြင့်ပေါ်မှ ကြည့်လျှင်ပြည်ထောင်စုမြန်မာ နိုင်ငံ အလံတော် (လွတ် လပ်ရေးရပြီးစ)ကဲ့သို့ကြယ်ကြီး (၁)လုံးကို ကြယ်လေး(၅)လုံး ၀န်းရံထားသည် ။ ၄င်းလွပ်လပ်ရေး ကျောက်တိုင်ကို ၁၉၄၈ ခု ဇန်န၀ါရီလ ၄ရက် နေ့တွင်အုဌ်မြစ်ချပြီး ၁၉၅၀ ခုနှစ် နိုဝင်ဘာ ၂၆ တွင်ဖွင့်လှစ်ခဲ့သည်