ပြည်တွင်းသတင်း — ရန်ကုန်၊ အောက်တိုဘာ ၁၃၊ ၂ဝ၁၂
မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာ ဖြစ် လာနိုင်ကြောင်း
နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးဖြစ်သည့် Anorew က အောက်တိုဘာ ၁၂ ရက်တွင် မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။
ပြည်ပခရီးသွားဧည့်သည်အ များစုသည် လတ်တလော အခြေအနေတွင် ပြည်တွင်းသို့ အဝင်အထွက် များလာရာ ထိုသို့
အဝင်အထွက်များ လာရသည့် အဓိက အကြောင်းရင်း များနှင့်ပတ်သက်၍ ယင်း၏အမြင် ကိုပြောပြရာ ၌ နိုင်ငံခြားခရီးသွား
ဧည့်သည် အများစုသည် မြန်မာ့ယဉ် ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေ့လာ ရန်နှင့် အပန်းဖြေရန် အတွက်သာ
လာရောက်ကြခြင်း ဖြစ်သော်လည်း စာရေးဆရာ၊ နိုင်ငံ ခြား သတင်းထောက်များနှင့် စီးပွား ရေး လုပ်ငန်းရှင် အချို့သည်
မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ အရပ်ရပ် ကို လာရောက်လေ့ လာကြခြင်း ပင်ဖြစ်ကြောင်းပြောသည်။
ယခင် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်ခန့် က မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များ အပေါ်
မြန်မာ လူမျိုးတို့၏ ဆက်ဆံရေး အခြေအနေသည် ရိုးသားဖြူစင်ပြီး ပွင့်လင်းဖော်ရွေ ခဲ့ကြသော်လည်း၊ ယခု၂ဝ၁၂ ခုနှစ်
နောက်ပိုင်းတွင် ခရီးသွား ဧည့်သည်များအပေါ် မြန်မာလူမျိုးတို့၏ ဆက်ဆံရေး အခြေ အနေများ အနည်းငယ် ပြောင်း လဲလာသည်ကို
တွေ့ရကြောင်း၊ ထိုသို့ပြောင်းလဲ လာရခြင်းသည် နိုင်ငံခြား ခရီးသွား ဧည့်သည် များပြား လာခြင်းကြောင့် ပင် ဖြစ်ကြောင်း၊
နိုင်ငံခြား ခရီးသွား ဧည့်သည် အဝင်အထွက် များလာသည် နှင့်အမျှ “ခရီးသွား ဧည့်သည် များလေလေ၊ ပိုက်ဆံများများ ရလေ” ဟူသော ခံယူချက်များ ရှိလာခြင်းကြောင့်ပင် ဖြစ်ကြောင်း၊ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင် များ ချိတ်ဆက်၍
အကျိုးတူ ပူးပေါင်းကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များလာခြင်းကြောင့်လည်း ခရီးသွား ဧည့်သည် တချို့သည် စီးပွားရေး
လုပ်ငန်းအတွက်သာ အဓိက လာရောက်ကြခြင်း ဖြစ် သဖြင့် မြန်မာလူမျိုးတို့ အနေဖြင့်လည်း စီးပွားရေးအရ ဆက်ဆံမှုသာ
ပိုများလာကြောင်း ယင်း၏အမြင်ကို ပြောပြသည်။
ထိုသို့ ပြည်တွင်းပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများလာခြင်း ကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည်များအပေါ် ရိုးသားဖြူ စင်ပြီး
ပွင့်လင်းဖော်ရွေစွာ ဆက်ဆံခဲ့ကြသည့် မြန်မာလူမျိုးတို့၏ စိတ်ဓာတ်နှင့် အစဉ်အလာအရ ထိန်းသိမ်း လာခဲ့ကြသော
မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိ ကြောင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များသည်
အကျိုးတူ ပူးပေါင်းမှုများ အတွက် ပြည်တွင်းသို့ လာရောက်ကြခြင်း ဖြစ်သော်လည်း နိုင်ငံခြား ခရီးသွား ဧည့်သည် အများစုမှာ
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို နှစ်သက်မြတ်နိုးသည့် အတွက် မြန်မာနိုင်ငံသို့ အထူးတလည်
လာရောက် လေ့လာကြခြင်း ပင်ဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။
ကမ္ဘောဒီးယား၊ ထိုင်း စသည့် နိုင်ငံများတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ရှိသကဲ့သို့ တိုက်တာ၊ အဆောက်အဦ များဖြင့် လူနေမှုအဆင့်
အတန်းမြင့်မားသော်လည်း ယဉ် ကျေးမှုနှင့်ပတ်သက်၍ ရှုမြင်သုံးသပ်ကြည့်ရာ၌ ယင်းက “ထိုင်းနိုင်ငံ မြောက်ပိုင်း မှာ နိုင်ငံခြားသား ခရီးသွားတွေ
လာတယ်ဆိုရင် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရ ရိုးရာ ဝတ်စုံတွေ ဝတ်ပြပေမယ့် နိုင်ငံခြား ခရီးသွားတွေလည်း ပြန်သွားရော
အဲဒီဝတ်စုံတွေကို ချွတ်ပစ်လိုက် တယ်။ ဥရောပနိုင်ငံ ဆိုတာကလည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်သလို Globalization ဖြစ်တဲ့အတွက်
ကျွန်တော်တို့က ကိုယ့်နိုင်ငံမှာ မြင်တွေ့နေရတာတွေထက် စာရင် ပိုထူးဆန်းပြီး မြန်မာနိုင်ငံရဲ့ သဘာဝဖြစ်တဲ့ မြန်မာ့ရိုးရာ ယဉ် ကျေးမှု
ဓလေ့ထုံးတမ်းတွေကိုပဲ လေ့လာချင်တာပါ။ တိုင်းပြည် တိုးတက် လာတာ နဲ့အမျှ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေ
ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ်”ဟု ဆိုသည်။
ဆက်လက်၍ ဥရောပနိုင်ငံသား တစ်ဦးဖြစ်သည့် က “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာ နဲ့အမျှ ကောင်းတာတွေ ရှိသလို
တစ်ဖက်က ကြည့်မယ် ဆိုရင် မကောင်းတဲ့အကျိုး သက်ရောက်မှု တွေလည်း ရှိနိုင်ပါတယ်။ တကယ် တမ်း Balanced ဖြစ်ရမယ်။
ခရီးသွားတွေ လာရင် စီးပွားရေး လုပ်ငန်းရှင်တွေပဲ ပိုက်ဆံများများ ရတယ်။ ဒရိုင်ဘာလို လူမျိုးတွေ ဆို နည်းနည်းပဲ ရတယ်။
တိုင်းပြည် ဖွံ့ဖြိုးလာတာ နဲ့အမျှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရ စိုးရိမ်စရာ ဖြစ်လာတယ်။ အနောက်နိုင်ငံမှာ ရှိတဲ့ တိုင်းပြည်
မှန်သမျှ အရမ်းဖွံ့ဖြိုးလာလို့ ထိုင်းနိုင်ငံလို ဖြစ်သွားမှာ မလိုလားဘူး”ဟု ယဉ်ကျေးမှုနှင့် ပတ်သက်၍ ယင်း၏ အမြင်ကို သုံးသပ်ပြောပြသည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ အင်္ဂလိပ် လူမျိုးမှ လွဲ၍ စပိန်၊
ဆွစ်ဇာလန်၊ ပြင်သစ်၊ အီတလီ စသည့် နိုင်ငံများမှ လူမျိုးခြားများ အဝင်များကြောင်း၊ ပူတာအိုဘက်မှ ရွာလေး တစ်ရွာသို့
လေ့လာရေး ခရီးထွက်စဉ်က ယင်းတို့နှင့် အများဆုံး ကြုံတွေ့ခဲ့ ရကြောင်း နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦး ဖြစ်သူ Anorew က ပြောကြားခဲ့သည်။
--
No comments:
Post a Comment